ကရင်လူမျိုးများအားလုံး သိထားသင့်တဲ့ KNU သမိုင်းကြောင်း၊ တော်လှန်းရေးတိုက်ပွဲ၊ ရပ်တည်ချက်နဲ့ လက်ရှိအခြေနေပါ. လေ့လာနိုင်ရန် မျှဝေပေးလိုက်ပါတယ်.
ကရင်အမျိုးသား အစည်းအရုံး(KNU)
--------------------
တည်ထောင်သောနှစ်- ၁၉၄၇ခုနှစ်
ခေါင်းဆောင်- စောဘဦးကြီး
ကေအင်ယူ၏ ဖခင် စောဘဦးကြီး
မန်းဘဇံ
ကရင်အမျိုးသားအစည်းအရုံး ဆိုသည်မှာ ကေအင်ယူ Karen National Union (KNU) ဖြစ်သည်။ ထိုအစည်းအရုံး၏ လက်နက်ကိုင်တပ်မှာ ယခင်က ကေအင်ဒီအို(Karen National Defense Organization (KNDO) ယခုကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဖြစ်သည်။ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်(ဒီကေဘီအေ)Democratic Karen Buddhist Army (DKBA) ကေအင်ယူ မှ ခွဲထွက်သွားသော လက်နက်ကိုင်အဖွဲအစည်းဖြစ်သည်။ (ဒီကေဘီအေ)သည် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးသည့် (ကေအင်ယူ)မှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ပြီး အစိုးရတပ်များနှင့် ပူပေါင်းခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး KNU မှခွဲထွက်သွားသော လက်နက်ကိုင်အဖွဲအစည်းမှာ ဗိုလ်ချုပ်ထိန်မောင်ခေါင်းဆောင်သောကေအင်အယ်လ်အေငြိမ်းချမ်းရေးကောင်စီဖြစ်သည်။လက်ရှိKNU ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး တာမလာဘော ဖြစ်ပြီး ဒု ဥက္ကဌ မှာစောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေးမှူးမှာ နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ ဖြစ်သည်။
*-*-*-*-*-*-*-*-*-*-*
Sunday, March 26, 2017
Saturday, March 25, 2017
ကင်ဆာရောဂါအတွက်ဆေးနည်းကောင်း
ကင်ဆာရောဂါအတွက်ဆေးနည်းကောင်း
Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါ တယ်။ ဒီဘော့စ်နီးယမ်း အမျိုးသမီးကတော့ သူမရဲ့ကင်ဆာရောဂါကို ချေမှုန်း ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးနည်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါ တယ်။

ဗုဒ္ဓဘာသာ..
ဗုဒ္ဓဘာသာ..
ဟိုသွားဒီသွားနဲ့  ဆောင်းပါးလေးတွေဖတ်ရင်း အခုခေတ် တချို့ လူငယ်တွေ ဘာသာရေး
အားနဲ နေတာ နဲ့  ပတ်သတ်ပြီး ရေးသားထားတဲ့  ဆောင်းပါးလေးတပုဒ် ကို ဖတ်မိတာနဲ့ အခုလိုမျှဝေပေးလိုက်မိတာပါ.။
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ဆုတောင်းခြင်း
ဆုတောင်းခြင်း
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

“သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ”
“သတိထားဖွယ် ရှောင်ကြဉ်ရမည့် အလှူများ”
ပေးကမ်းလှူဒါန်းမှုပြုသော်လည်း ဒါနဟု မခေါ်ရ။ အဒါနဟုသာ ခေါ်ရသည့် ပေးကမ်းမှု(၁၀)မျိုးကို မိလိန္ဒပဥှာပါဠိတော် (ဝေဿန္တရပဥှာ) ၌ ဟောကြားတော်မူသည့်အတိုင်း ဖော်ပြပါမည်။ ထိုမပေးလှူကောင်းသော အလှူ(၁၀)မျိုးမှာ
၁။ မူးယစ်စေတတ်သော သေရည်သေရက် စသောအရာများကို ပေးလှူခြင်း= မဇ္ဇဒါန။
၂။ ပွဲလမ်းသဘင် စသည်တို့ကို ပေးလှူခြင်း= သမဇ္ဇဒါန။
၃။ မေထုန်မှီဝဲမှုပြုရန် အမ-သတ္တဝါများကိုပေးလှူခြင်း= ဣတ္ထိဒါန
၎။ မေထုန်မှီဝဲစေရန် နွားလားဥသဘ စသည်ကို ပေးလှူခြင်း= ဥသဘဒါန။
၅။ ကာမဂုဏ်စိတ်ကို ထကြွပွားများစေတတ်သော ပန်းချီကား အရုပ်စသည်ကို ပေးလှူခြင်း= စိတ္တကမ္မဒါန။
၆။ တုတ် ဓား သေနတ်စသော လက်နက်များကို ပေးလှူခြင်း= သတ္တဒါန။
၇။ အဆိပ်ကို ပေးလှူခြင်း= ဝိသဒါန။
၈။ လက်ထိပ်၊ သံခြေကျဉ်း စသည်ကို ပေးလှူခြင်း= သင်္ခလိကဒါန။
၉။ သတ်ဖြတ်စားသောက်ရန် ကြက် ဝက် စသသည်ကို ပေးလှူခြင်း= ကုက္ကုဋသူကရဒါန။
၁၀။ မမှန်ကန်သော ချိန်ခွင်-အလေး တင်းတောင်းကြိုး စသည်ကိုပေးလှူခြင်း= တုလာကူဋဒါနတို့ ဖြစ်ပါသည်။

သေသူနဲ့သရဏဂုံ...
သေသူနဲ့သရဏဂုံ...
***********

တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့ အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု သိလိုက်ရပါတယ်။ ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက တစ်ဆင့် တင်လို့ရသလားတဲ့။ “သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့ ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီး အသိတစ်ခု ရစေဖို့ သူသေကောင်နဲ့ သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။
" ၀ါဆိုသင်္ကန်း " ကပ်လှူခြင်း
" ၀ါဆိုသင်္ကန်း "
•••••••••••••
ဝါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့ အလှူဒါနသည် ၀ိသာခါကျောင်းအမကြီး
ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင...်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။
ဝိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး
ရောက်သည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများ ဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက် အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။ စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲ ဘာပါလဲဆိုတာ ကြည့်ကြသတဲ့။ ထိုအဖြစ်ကို သိသော အနာထပိဏ်၊ ၀ိသာခါတို့သည်
ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။

သြကာသကန်တော့ခန်း
သြကာသကန်တော့ခန်းရှင်းလင်းချက်
မြန်မာနိုင်ငံတွင် သြကာသအစချီသော ကန်တော့ခန်းသည် ပုဂံခေတ် ရှင်အရဟံမထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ သြကာသ ကန်တော့ခန်းမှာ မူကွဲအမျိုးမျိုးရှိလေသည်။ အများစုလက်ခံထားသည့် ကန်တော့ခန်း နှင့် ရှင်းလင်းချက်ကို ဖော်ပြပေးပါမည်။
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ
သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာ
“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော ဘုရာရှိခိုး
သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

Thursday, March 23, 2017
သိမြင်ခြင်း
🌹သိမြင်ခြင်း🌱🌴🌹
🌞ကိလေကင်းစင်
မြတ်ရှင်ရှေ့ဝယ်
စက္ခုံလွှာလေး
ပြေပြေမှေးလို့
တည်ငြိမ်မတ်မတ်
နေခဲ့ပြီ
🌞ကိလေကင်းစင်
မြတ်ရှင်ရှေ့ဝယ်
စက္ခုံလွှာလေး
ပြေပြေမှေးလို့
တည်ငြိမ်မတ်မတ်
နေခဲ့ပြီ
Thursday, March 9, 2017
ကျောက်ကပ်ရောဂါသည်များရဲ့ အသက်ကယ်ဆေး
ကျောက်ကပ်ရောဂါသည်များရဲ့ အသက်ကယ်ဆေး
၂ဝဝ၈ ခုနှစ်နှောင်းပိုင်းတုန်းက ရင်းနှီးလှတဲ့ မိတ်ဆွေဇနီးမောင်နှံနှစ်ယောက်က ကျွန်တော် (ဘာသာပြန်သူ)ကို ကျန်းမာရေးဆောင်းပါးများ ဘာသာပြန်လေ့ရှိတာသိကြလို့ သူတို့ရဲ့သမီး စင်ကာပူမှာ အလုပ်လုပ်နေရာက စင်ကာပူမှာထုတ်ဝေတဲ့ သတင်းစာထဲမှာ အုတ်အော်သောင်းနင်းဖြစ်နေလို့ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ကပ်ရောဂါသည်တွေ ကျောက်ကပ် ဆေးနေရတာတောင် ဘာမှမဟုတ်တဲ့ မြက်တစ်မျိုးကို ပြုတ်သောက်ရုံနဲ့ ပျောက်ကင်းသွားကြလို့ သတင်းစာတိုက်ကို ဖုန်းတွေဆက် ပြီး အဲဒီမြက်ပင်မျိုး ဘယ်မှာရနိုင်သလဲ၊ မျိုးရှာပေးပါ စတဲ့ အကူအညီတောင်းတဲ့ စာတွေ၊ တယ်လီဖုန်းဆက်ကြ အကြောင်းတွေ ရေးသားထားတဲ့ သတင်းဆောင်းပါး အစ အဆုံးပါတဲ့ သတင်းစာဖြတ်ပိုင်းကို ကျွန်တော့်ဆီ ပေးခဲ့ပါ တယ်။ မြက်ပင်ကို တရုတ်လို 'ခွေကျူချောင်'လို့ခေါ်ပြီး မြန်မာလို ဘယ်လိုခေါ်မှန်းမသိခဲ့လို့ ဘာသာပြန်ဖို့ခက်ခဲခဲ့ပါ တယ်။
ဒီတော့ ကျွန်တော်စုဆောင်းခဲ့တဲ့ 'ပုံပြ တရုတ် ဘယဆေးပင်များ အဘိဓာန်'မှာ ရှာဖွေကြည့်တော့ ပုံနဲ့တကွ ရုက္ခဗေဒအမည်က (Zebrina pendnla schinizl) ဖြစ်တာကို တွေ့ရပါတယ်။ အဲဒီစာအုပ်ထဲက ပုံကိုပဲယူပြီး လိုက်ပြကြည့်တော့ မြက်ကြွပ်ရွက်လို့ သိရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မြက်ကြွပ်ရွက် ရှိ၊ မရှိ ရှာဖွေကြည့်ရပြန်တယ်။ မရှိတဲ့အပင်အကြောင်း ရေးပြန်တော့လည်း ဘယ်လောက်ပဲ ကောင်းကောင်း ဘာအကျိုးရှိမှာလဲ။

Wednesday, March 8, 2017
သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်
****" ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " *****
ဒေါက်တာ လျှူရီပင်းက ဤသတင်းကို
လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက
လူတယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။
ကျနော်လုပ်ရမယ့်အပိုင်းကို ကျနော်လုပ်ပြီးပြီ ။
......................................
သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။
.....................................
သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။
သကြားကို မထည့်ပါနဲ့။
ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။
ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့
အရာကောင်းများ ပါဝင်ပါတယ်။

Thursday, March 2, 2017
ဆရာတော်သုံးပါးတို့၏ အသိပေးစကားစုများ
ဆရာတော်သုံးပါးတို့၏
အသိပေးစကားစုများ
**************
အသိပေးစကားစုများ
**************
(၁)
စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့လဲလိုက်ပါ၊
ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။
(၂)
ကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်
ကောင်းတဲ့လူ ၊
မကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်??
(၃)
သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုး
စားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက
ပိုပြီးမြိန်တယ်။

ဗုဒ္ဓ မဖြေကြားသော ပြဿနာများ
" ဗုဒ္ဓ မဖြေကြားသော ပြဿနာများ " ဆောင်းပါး
၁။ ဘုရားရှင် ပွင့်ထွန်းလာသည်နှင့် တပြိုင်နက် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်အလို့ငှာ သစ္စာလေးပါးတရားကို ဟောကြားတော်မူပါသည် … ဟောကြားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ မည်သူမျှ စောဒက မတက်နိုင်သေးသော သစ္စာတရားကို ဟောကြားနိုင်မူကြောင့် ထင်ရှားကျော်ကြား လူသိများပြီး သာသနာတော်ကြီး ထွန်းကား စည်ပင်ခဲ့၏ …
Subscribe to:
Posts (Atom)