Thursday, March 23, 2017

သိမြင်ခြင်း

🌹သိမြင်ခြင်း🌱🌴🌹

🌞ကိလေကင်းစင်
မြတ်ရှင်ရှေ့ဝယ်
စက္ခုံလွှာလေး
ပြေပြေမှေးလို့
တည်ငြိမ်မတ်မတ်
နေခဲ့ပြီ



🌻အာရုံတစ်ပါး
စိတ်မသွားဖို့
ဝင်သက်လေရဲ့
မှန်မှန်တိုးတဲ့
ထိတွေ့မှုလဲ
သိခဲ့ပြီ

🌻သိမ်မွေ့ညင်သာ
နွေးရိပ်ဖြာတဲ့
ထွက်လေလေးရဲ့
ဖြည်းစွာတိုးထွက်
အသိဓာတ်လည်း
ရခဲ့ပြီ

🌻ဝင်သက်ထွက်သက်
ဤနှစ်ရပ်၏
ထိန်းချုပ်မခံ
သဘောအမှန်
ဖြစ်ဟန်ကိုလည်း
နားလည်ပြီ

🌻ဝင်သက်ထွက်သက်
ပေါ်ဖြစ်ပျက်၏
မမြဲသဘော
ဥာဏ်မြင်ပေါ်တော့
မတည်မြဲခြင်း
သိခဲ့ပြီ

🌻ခဏငယ်တိုင်း
ဝင်သက်ထွက်သက်
သဘောသရုပ်
မြင်သိမိလို့
ကြိမ်ကြိမ်ပီတိ
ဖြစ်ခဲ့ပြီ

No comments:

Post a Comment