ဒါနကုသိုလ် , သီလကုသိုလ် ဖြစ်ဖို့
ကိုယ်တိုင် ပြုလုပ်ရ၏။
သို့သော် သည်းခံခြင်းခေါ် ခန္ဓီပါရမီကုသိုလ်
ဖြစ်ဖို့ရန် အတွက်ကား
ကိုယ်တိုင် လုပ်၍ မရပေ ။ သူတပါး ပေးမှသာ ရ၏။
ဆိုလိုသည်မှာ
မိမိအား ပြစ်မှား စော်ကားသူ ရှိမှသာ ရ၏။
ထို့ကြောင့် မိမိအား ပြစ်မှားစော်ကားသူ ပေါ်လာလျှင်
ငါ့အား ခန္ဓီပါရမီကုသိုလ်ဖြစ်အောင် ကူညီပါပေသည်ဟု
နှလုံးသွင်းပြီး ကျေးဇူးတင်သင့်သည်။
ပညာမဲ့လူမိုက်သည် -
ပြစ်မှာ စော်ကားသူနေရာက နေချင်သည်။
ပညာရှိသူတော်ကောင်းကား -
ပြစ်မှားစော်ကားခံရသူဖက်က နေချင်သည်။
သည်းခံခြင်း ဟူသော ခန္ဓီပါရမီကုသိုလ်ကို
ပြစ်မှား စော်ကား ခံရသူကသာ ရနိုင်သည် ။
ပြစ်မှား စော်ကားသူက မရနိုင် , ဆိုသည်ကို
ပညာရှိသူတော်ကောင်းဖြစ်မှသာ
ပညာမဲ့လူမိုက်ကား သိနိုင်စွမ်း မရှိချေ ။
" ရွှေပြည်သာ"
No comments:
Post a Comment