Thursday, March 23, 2017

အာရုံယူခြင်း

အာရုံယူခြင်း🌳🍀🍁

🔅တည်ကြည်စိတ်ထား
သဒ္ဓါအားနဲ့
မြတ်ဘုရားကို
သားတော်ခန္ဓာ
အပ်နှံပါ၏



🔅သံသရာဝယ်
အကုသိုလ်များ
ပြုငြားမိခဲ့
ခွင့်လွှတ်ပေးဖို့
ခွင့်ပန်လို၏

🔅ဒါန သီလ
ဘာဝနာအကျိုး
အမျိုးမျိုးကို
ဝေနေယျများ
မေတ္တာအားဖြင့်
အေးမြစေဖို့
ဖြန့်ပေးလို၏

🔅အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်ကို
သုံးတန်အစု
မှားပြုမိသော်
နားလည်ပေးဖို့
တောင်းပန်လို၏

🔅တင်ပလ္လင်ခွေလျက်
ခါးကိုမတ်လို့
"သတိ"တစ်လုံး
အစဉ်သုံးလျက်
စူးစိုက်ကာလေ
မှတ်နေပါ၏

🔅စူးစိုက်ကာလေ
ကျင့်နေပါ၏

🔅စူးစိုက်ကာလေ
ပွားနေပါ၏။ ။

No comments:

Post a Comment