Sunday, February 26, 2017

ကျေးဇူးတင်လိုက်ပါ

ကျေးဇူးတင်လိုက်ပါ
●●●●●●●●●●●●

ကိုယ့်ကိုနာကျင်စေတဲ့သူတွေရှိလိမ့်မယ်။
ကိုယ့်ကို စွန့်လွှတ်ခဲ့သူတွေရှိလိမ့်မယ်။

ကိုယ့်ကို မုန်းတီးနေတဲ့သူတွေရှိလိမ့်မယ်။
ကိုယ့်ကို မနာလိုတဲ့သူတွေရှိလိမ့်မယ်။

နာကျင်စေတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် စိတ်ဒါဏ်ရာတွေကို....
ခံနိုင်ရည်ရှိသွားခဲ့လို့ ။ 




စွန့်လွှတ်ခဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် လွတ်လပ်ခြင်းရဲ့တန်ဖိုးကို..
ပိုသိသွားခဲ့လို့ ။

မုန်းတီးနေတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် ကိုယ့်ကိုချစ်ခင်တဲ့သူတွေကို..
ပိုဂရုစိုက်နိုင်လို့ ။

မနာလိုတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် ကိုယ့်မှာ အားသာချက်တွေ
ရှိတယ်ဆိုတာ သိလိုက်ရလို့ ။

သက်တန့်ချို

No comments:

Post a Comment