Sunday, February 26, 2017

*လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့*


*လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့*


လိုချင်တာတွေရနိုင်ဖို့ လက်တွေ့ကျင့်မှသာ ရနိုင်တာဖြစ်ပါတယ်။

(၁)စည်းစိမ်ဥစ္စာတွေကို ရချင်ရင် ကြိုးစား။

(၂)အဆင်းလှချင်ရင် ပြင်​ပြင်​ဆင်​ဆင်​နေ။

(၃)ကျန်းမာချင်ရင် ကိုယ်နဲ့သင့်တော်တာလုပ်။

(၄)ကိုယ်ကျင့်တရားကောင်းချင်ရင်
မိတ်ကောင်းဆွေကောင်းတွေနဲ့ပေါင်း။

(၅)မြတ်သောအကျင့်ကို ကျင့်မယ်ဆိုရင် ဣနြေ္ဒကိုထိန်း။




(၆)မိတ်ဆွေတွေပေါချင်တယ်ဆိုရင် သစ္စာကတိတည်ပါစေ။

(၇)ဗဟုသုတရှိချင်ရင် စာများများဖတ်။

(၈)ပညာရချင်ရင် တရားများများနာ၊ စာများများသင်၊ ဆွေးနွေးလေ့လာမေးမြန်း။

(၉)တရားထူးတရားမြတ်ရချင်ရင် ကြိုးစားအားထုတ်​၊ အမှတ်တမဲ့ မနေနဲ့၊ အလေးအနက် ဆင်ခြင်စဉ်းစား။

(၁၀)နောက်ဆုံး သေတဲ့အခါ ဤဘဝ၏ အခြားမဲ့၌ ကောင်းရာသုဂတိရောက်ချင်တယ်ဆိုရင် ဒုစရိုက်တွေကို ရှောင်ရှားပြီးတော့ သုစရိုက်တရားတွေကို ကြိုးစားအားထုတ်ပါ။

(ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "လိုချင်​တာ ရနိုင်ဖို့ လက်တွေ့ကျင့်သုံးစို့" တရားတော်မှ အနှစ်ချုပ်ကို ကောက်နုတ်ဖော်ပြသည်။ )

No comments:

Post a Comment