"အဆင့်မြင့်စွာ နေနည်း"
မြတ်စွာဘုရားက ဘဝမှာ အဆင့်မြင့်စွာ ဘယ်လိုနေရမလဲ ?
ဆိုတာကို ဟောပြောပါတယ် ။
လူတွေဟာ ကုသိုလ်ကံအကျိုးပေးကြောင့် လူ့ဘဝတွေ
ရလာကြတယ်။ လူ့ဘဝကို မြတ်စွာဘုရားက ဘယ်လို သုံးသပ်ပြ
သလဲ ဆိုရင် -
မြတ်စွာဘုရားက ဘဝမှာ အဆင့်မြင့်စွာ ဘယ်လိုနေရမလဲ ?
ဆိုတာကို ဟောပြောပါတယ် ။
လူတွေဟာ ကုသိုလ်ကံအကျိုးပေးကြောင့် လူ့ဘဝတွေ
ရလာကြတယ်။ လူ့ဘဝကို မြတ်စွာဘုရားက ဘယ်လို သုံးသပ်ပြ
သလဲ ဆိုရင် -
လူတွေဟာတဲ့ အတိတ်ဘဝတုန်းက ကုသိုလ်လည်း လုပ်တယ် ,
အကုသိုလ်လည်း လုပ်တယ် ။ ကုသိုလ် အကျိုးပေး အလှည့်
ရောက်လာလို့ လူ့ဘဝကို ရလာခဲ့ကြတယ် ။
လူ့ဘဝကို ရလာလို့လည်း သုခ , ဒုက္ခ လို့ ဆိုတဲ့ ၂-မျိုး ခံစားရတယ်။
ကုသိုလ်တွေက အကျိုးပေးတဲ့အခါ ကောင်းတာတွေကို ခံစားရတယ် ။ အကုသိုလ်က အကျိုးပေးတဲ့အခါကျတော့ အဆိုးတွေကို ရင်ဆိုင်ရတယ် ။
လူ့ဘဝဆိုတာ ကောင်းလိုက် ဆိုးလိုက် နဲ့ တလှည့်စီ ခံစားကြရတာပါပဲ ။ အတိတ်ဘဝတွေမှာ အကောင်းနဲ့အဆိုးကို ရောလုပ်လာကြတာကိုး ။
အဆိုးတွေချည်း လုပ်တဲ့အခါကျတော့ ဘယ်သွားသလဲ ဆိုရင်
ငရဲဘုံကို သွားတယ် ။ ငရဲရောက်နေတဲ့သူတွေမှာ ချမ်းသာသုခ
ဆိုတာ လုံးဝ မရှိဘူး ။ အကုသိုလ်သက်သက် လုပ်လာခဲ့ကြလို့
သူတို့မှာ သုခ ဆိုတာ မရှိဘူး ။
ဟိုး ဗြဟ္မာပြည် ရောက်သွားကြတဲ့ သူတွေကျတော့ ကုသိုလ်ကံက သိပ်အရှိန်ကြီးလွန်းလို့ သုခဘုံသက်သက်ပဲ ။
--------------------------
တစ်ချို့ပုဂ္ဂိုလ်တွေဟာ
နိမ့်ကျတဲ့ အခြေအနေမျိုးကို ရောက်လာပြီး လုပ်တော့လည်း
နိမ့်ကျတဲ့ အလုပ်တွေကို လုပ်တယ် ။ ဒုစရိုက်အလုပ်တွေ လုပ်တာနော် ။
အဲဒီပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရားက -
အမှောင်ထဲကလာပြီး အမှောင်ထဲကို သွားနေတဲ့သူ လို့ ပြောတယ် ။ သူနေတာလည်း အမှောင်ထဲမှာ , သူလုပ်နေတဲ့အလုပ်တွေကလည်း အမှောင်ထဲ သွားမယ့် အလုပ်တွေ လုပ်နေတယ် , တဖြည်းဖြည်း
မှောင်သွားမယ်နော် ။
ဒီလို ပုဂ္ဂိုလ်မျိုးက ကောင်းတာကို လုပ်ရင်တော့ - အမှောင်ထဲကနေ အလင်းသွားသူ လို့ ဆိုရမှာပေါ့ ။
တချို့ပုဂ္ဂိုလ်ကျတော့ ပြည့်ပြည့်စုံစုံ မွေးလာတယ် ။ ရုပ်ရည်ရူပကာ
လည်း ရှိမယ် ။ အသိဉာဏ်လည်း ပြည့်စုံတယ် ။
ဒါပေမယ့်
သူလုပ်နေတဲ့ အလုပ်က ဒုစရိုက်လုပ်ငန်းတွေ လုပ်နေမယ် ဆိုရင် - အလင်းထဲကနေ အမှောင်ထဲကို သွားတဲ့သူ လို့ မြတ်စွာဘုရားက ဒီလို ပြောတယ်။
အေး -ဒီဘဝမှာ ရုပ်ရည်ရူပကာလည်း ရှိတယ် ။ပြည့်စုံတဲ့ မိဘကနေ မွေးဖွားလာပြီး ကောင်းတဲ့အလုပ်တွေပဲ လုပ်မယ်ဆိုရင်
- အလင်းက လာပြီး အလင်းထဲကို သွားနေတဲ့လူ လို့ ဒီလို
ခေါ်ရမယ် တဲ့ ။
အဲဒီတော့ ကိုယ်နေတာဟာ အလင်းထဲမှာသာနေဖို့ , အလင်းထဲကိုပဲ သွားဖို့ လိုတယ်နော် ။
--------------------------
မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကို ဘယ်လို နေနည်းနဲ့ နေရမလဲ ဆိုတာမေးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့ နေနည်းနဲ့ နေဖို့ အကြံပေးတယ် ။
အဲဒီလို နေဖို့အတွက် လူဆိုတာ အရည်အချင်း လိုသေးတယ်နော် ။
တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့
ထိုက်တန်တဲ့ အရည်အချင်းက လိုအပ်တယ်နော် ။
အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက်
မြတ်စွာဘုရားက သဒ္ဓါ တဲ့ ။
ကိုယ်လုပ်တဲ့အလုပ်အပေါ် ယုံကြည်ချက် ရှိရမယ် ။
ယုံကြည်ချက် မရှိရင် မအောင်မြင်ဘူး တဲ့ ။
ဘယ်အရာမှ သူ့ဟာသူ ဖြစ်မလာဘူး , လေ့ကျင့်ယူရမှာပဲ ။
လိုအပ်တဲ့ အရည်အသွေးရဖို့ လေ့ကျင့်ယူရမှာ ဖြစ်တယ် ။
အားကစားသမားတွေလည်း လေ့ကျင့်ယူရတာပဲ ။
တောင်တက်သမားတွေဆိုတာလည်း တဖြည်းဖြည်း လေ့ကျင့်ပြီးမှ
ရလာတာတွေ ဖြစ်တယ် ။
ကျောင်းသား, သူတွေလည်း ငယ်ဘဝကတည်းက လေ့ကျင့်ပေးထားရတာပဲ ။
လေ့ကျင့်တယ်ဆိုတာ ချက်ခြင်းကြီး ဖြစ်မလာဘူး ။
ယုံကြည်ချက်ရှိပြီး တဖြည်းဖြည်း လေ့ကျင့်ယူရတယ် ။ ဒါမှ
အောင်မြင်မှု လမ်းစကို လျှောက်လှမ်းနိုင်ကြမယ် ။
ယုံကြည်ချက် ရှိရုံနဲ့ မရသေးဘူး ။
--------------------------
ခိုင်မာတဲ့ ဇွဲ ဝီရိယ လည်း လိုသေးတယ် ။
အချင်းချင်း ပြိုင်ဆိုင်နေကြတာ ဝီရိယ ရှိဖို့ လိုအပ်တယ် ။
----------------------
ကြိုးစားတဲ့အခါ သတိ ရှိဖို့ လိုအပ်သေးတယ် ။
အရမ်း ကြိုးစားလို့ မရသေးဘူး ။သတိလေးနဲ့ ကြိုးစားမှ
အောင်မြင်မှုကို ရနိုင်မယ်နော် ။
----------------------
နောက်တစ်ခုက သမာဓိ , သမာဓိ ဆိုတာ စိတ်တည်ငြိမ်တာကို ခေါ်တယ် ။ လူတစ်ယောက်က စိတ်မတည်ငြိမ်ဘူး , ဂနာမငြိမ်ဘူး ဆိုရင်လည်း အောင်မြင်မှုကို မရနိုင်ဘူး ။ စိတ်တည်ငြိမ်မှုဟာ အလွန် အရေးကြီးတယ် ။
တရားအားထုတ်မှ သမာဓိ လိုတာ မဟုတ်ဘူး ။
ဘာအလုပ်လုပ်လုပ် စိတ်တည်ငြိမ်ပြီး သမာဓိ ရှိရမယ် ။
စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေရဘူး ။ စိတ်တည်ငြိမ်ပြီး သမာဓိ ရှိမှ ကိစ္စတွေ အောင်မြင်နိုင်မယ် ။ ဒါဟာ လိုအပ်တယ်နော် ။
-----------------------
နောက်တစ်ခုက " ပညာ " , ဒါက သိပ်အရေးကြီးတယ် ။
ပညာဆိုတာ လုပ်သင့်လား ? မလုပ်သင့်ဘူးလား ?
ဒီနှစ်ခုကို ခွဲခြားပြီးတော့ သိရမယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ခွဲခြားတတ်ရမယ် ။
ပြောသင့်လား , မပြောသင့်ဘူးလား ။
စိတ်ကူးသင့်လား , စိတ်မကူးသင့်ဘူးလား ။
ဒါကို ခွဲခြားပြီး အမြဲ ဆန်းစစ်နေရမယ် ။
လုပ်သင့်တာ , မလုပ်သင့်တာကို ခွဲခြားပြီး မသိဘူး ဆိုရင် ဘာတွေ
ဖြစ်မလဲ ဆိုရင် -
လုပ်သင့်တာကို မလုပ်ပဲ နေမယ်ဆိုရင် အကျိုးပျက်ပြားသွားမယ် ။
မလုပ်သင့်တာကို လုပ်လိုက်ရင်လည်း အကျိုး ပျက်ပြားသွားမယ်။
လောကမှာ လုပ်သင့်တာလည် ရှိတယ် , မလုပ်သင့်တာလည်း ရှိတယ် ။
လူတွေ ပြောပြောနေကြတာရှိတယ် ။ ဒီကောင် မလုပ်သင့်တာကို လုပ်မိလို့ ဒုက္ခ ရောက်တယ် လို့ ပြောကြတယ် ။
လုပ်သင့်တာကို မလုပ်ရင်လည်း ဒုက္ခရောက်တတ်တယ်နော် ။
ဒီတော့ လုပ်သင့်တာကို လုပ်ရမယ် , မလုပ်သင့်တာကို ရှောင်ရမယ်။
အဲဒါမှ အကျိုးစီးပွား မြင့်မားလာစေတယ်နော် ။
ပေါင်းလိုက်တော့ ဒီအရည်အသွေး ( ၅ ) ရပ်ကို မိမိသန္တာန်မှာ ရှိစေရမယ် တဲ့ ။
"ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ"
( ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် ၊ စာ- ၂၀ - ၂၆ ) မှ အကျဉ်းအား
ကောက်နုတ်ပူဇော်ပါ၏
Credit -
ဓမ္မ နှစ်သက်သူ
https://www.facebook.com/
No comments:
Post a Comment