၃၁-ဘုံ နှင့် လမ်းလျှောက်ရင်း လမ်းမပျောက်စေချင်....
လူသားအားလုံး သေရင် သွားရမည့်နေရာ ၃၁ နေရာ ရှိပါတယ်.
အဲဒါကို ဘုံ ၃၁ ဘုံ လို့ ဘုရားရှင် က ဟောသွားခဲ့ပါတယ်..အဲဒါတွေကေ တာ့
နတ်ပြည် = ၆ နေရာ ( နတ်ပြည် ၆ ထပ် ) ၊ ဗြဟ္မာဘုံ = ၂၀ ၊
လူဘုံ = ၁ ဘုံ ၊ အပါယ် = ၄ ဘုံ ၊ တို့ပဲဖြစ်ပါတယ်...
လူသားအားလုံး သေရင် သွားရမည့်နေရာ ၃၁ နေရာ ရှိပါတယ်.
အဲဒါကို ဘုံ ၃၁ ဘုံ လို့ ဘုရားရှင် က ဟောသွားခဲ့ပါတယ်..အဲဒါတွေကေ
နတ်ပြည် = ၆ နေရာ ( နတ်ပြည် ၆ ထပ် ) ၊ ဗြဟ္မာဘုံ = ၂၀ ၊
လူဘုံ = ၁ ဘုံ ၊ အပါယ် = ၄ ဘုံ ၊ တို့ပဲဖြစ်ပါတယ်...
နတ်ပြည် ၆ ထပ် ( ဒါန ၊ သီလ ပြုသူများသွားရာနေရာ ၆ ခု )
လူဘုံ၏ အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ပထမနတ်ပြည့် ဖြစ်သော
(၁) စတုမဟာရာဇ်နတ်ပြည် တည်ရှိသည်။ လူ့သက်တန်းအားဖြင့် အနှစ်(၉)သန်း နေရသည်။ နတ်မင်းကြီး ၄ ပါး အုပ်ချူပ်သည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ဒုတိယနတ်ဘုံဖြစ်သော
(၂) တာဝတိံသာ နတ်ဘုံ တည်ရှိသည်။ လူသက်တန်းဖြင့် (၃)ကုဋေ(၆)သန်းနေရသည်။ သိကြားမင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် တတိယ နတ်ပြည် ဖြစ်သော
(၃) ယာမာနတ်ပြည် ရှိသည်။ လူသက်တမ်းအားဖြင့် (၁၄)ကုဋေ(၄)သန်း ရှိသည်။ သုယာမ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၄) တုသိတာ နတ်ဘုံ ဖြစ်သည်။ လူ့သက်တမ်းနှစ်ပေါင်း (၅၇)ကုဋေ(၆)သန်း နေရပါသည်။ သန္တုဿီတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၅) နိမ္မာနရတီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်း
(၂၃၀)ကုဋေ(၄)သန်း နေရပါသည်။ သနိမ္မိတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၆) ပရနိမ္မိတ ၀ဿဝတ္တီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်းအားဖြင့် (၆၂၁)ကုဋေ(၆)သန်း နေရသည်။ ၀ဿဝတ္တီနတ်မင်း အုပ်စိုးသည်။
စတုမဟာရာဇ်နတ်ပြည်မှလွဲ၍ ကျန်နတ်ဘုံ များသည် ကမ္ဘာကြီး၏အပြင် အထက်တွင် (စကြာဝဋာထဲတွင်) သီးခြားရပ်တည်နေကြပါသည်။
ဗြဟ္မာဘုံ ၂၀ ( သမ္မထ ၊ ၀ိပဿနာကျင့်သူများသွားရာ နေရာ )
ဗြဟ္မာဘုံ သည် သက်တမ်းရှည်လွန်းသဖြင့် ကိန်းဂဏန်းဖြင့်ပြောလို့ မရတော့ပါ.... (အကျယ်ကို သဂြိုလ်ကျမ်းတွင် ကြည့်ပါ )
အမြင့်ဆုံးနတ်ပြည်၏ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျေ
၁။ ပထမဈာန် ဗြဟ္မာဘုံ ၃ ဘုံ တစ်ပြေတည် တည်ရှိသည်။
လူပြည်တွင် အာနာပါနကမ္မဌာန်း ၊ ကသိုင်း ၊ သမ္မထ ၊ ဘာဝနာ အားထုတ်သူများ ရောက်ရာဘုံ ။ ကျွန်တော် သွားမည့်နေရာပေါ့...
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျေ
၂။ ဒုတိယဈာန် (၃) ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျေ
၃။ တတိယဈာန် (၃)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျေ
၎။ စတုတ္တဈာန် (၇)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျေ
၅။ ပဉ္စမဈာန် (၄)ဘုံ တည်ရှိသည်။
အပယ်လေး ဘုံ
၁။ ငရဲ ( ငါးပါးသီလ မလုံသူ အဖေ၊အမေ၊ သံဃာသတ်သူတို့သွားရာဘုံ)
ငရဲ ရှစ်ထပ် ရှိသည်..ပထမဆုံး ငရဲသည် ကမ္ဘာမြေကြီးနှင့်စပ်ဆပ်တည်၇
ပြီး ကျန်ငရဲများသည် သီးခြားတည်ရှိကြသည်။ ငရဲသက်တမ်းမှာ အကုသိုလ်ကို လိုက်ပြီး တစ်ဦးနင့် တစ်ဦး မတူကြပေ..များသောအားဖြင့် နတ်သက်ထက် ရှည်ကြာကြသည်။
၂။ တိရိစ္ဆာန် (ကိုယ်ပတ်ဝန်ကျင်ပဲကြည့်လု
၃။ ပြိတ္တာ ဘုံ (သာမာန်မျက်စိနှင့်မမြင်နို
၎။ အသူရကာယ် (နေ့စံ ၊ ညခံ ၊ နေ့ခံ ၊ ညစံ ) (သူတော်ကောင်းစကားနားမထောင်
လူဘုံ ကတော့ ပြောစရာမလိုတော့ပါ....
(တစ်ယူဇနာ ကို အနည်းဆုံး ၈ မိုင် ရှိပါသည်။ )ကဲဘယ်လမ်းကိုလျှောက်ပြီး ဘယ်လမ်းကိုသွားမယ်ဆိုတာ မိမိအသိညာဏ်ကိုယ်ပိုင်ညာဏ်ြ
Credit...ကျော်မင်းခေါင်
No comments:
Post a Comment