Sunday, February 26, 2017

"စိတ်ကျွန် နှင့် စိတ်သခင်"

"စိတ်ကျွန် နှင့် စိတ်သခင်"

ကမ္ဘာတွင် လူဦးရေ သန်းပေါင်း ခြောက်ထောင်ကျော် 
ရှိသော်လည်း အရင်းစစ်ကြည့်လျှင် လူ နှစ်မျိုးသာ ရှိ၏။

စိတ်ခိုင်းတိုင်း လိုက်၍ လုပ်ရသော
စိတ်ကို ကျွန်ခံသည့် လူသားနှင့်
စိတ်ကို မိမိလိုရာ ခိုင်းနိုင်သော
စိတ်ကို သခင်လုပ်သည့် လူသားတို့ပင် ဖြစ်၏။



စိတ်ကို ကျွန်ခံရသော လူသားသည်
စိတ်ခိုင်းသမျှ အပျော်အပါး လိုက်စား , လောင်းကစားလုပ် ,
သေရည်သေရက် သောက်ရသောကြောင့် ပစ္စုပ္ပန် ဘဝတွင်လည်း
အောက်တန်းကျ , ထောင်တန်းကျပြီး သံသရာတွင်လည်း
အပါယ်လေးပါးသို့ ကျရလေရာ ပစ္စပ္ပန် , သံသရာ နှစ်ဖြာလုံး
နှစ်နာဆုံးရှုံးရ၏။

သခင်သည် ကျွန်ကို လိုရာ ခိုင်းသကဲ့သို့
စိတ်၏ သခင်နှင့်တူသော လူသားသည် စိတ်ကို မိမိလိုရာ
ကောင်းသောအလုပ်တို့ကို မဖြစ်မနေ လုပ်ခိုင်း၏။

တရား မနာချင်လည်း ပေနာ၏ ။
ဒါန မပြုချင်လည်း ပေပြု၏
သီလ မဆောက်တည်ချင်လည်း ပေဆောက်တည်၏

ထို့ကြောင့်
စိတ်၏သခင်ဖြစ်သော လူသားသည်
ပစ္စပ္ပန်ဘဝတွင်လည်း ကြီးပွားတိုးတက်၍
သံသရာတွင်လည်း ကောင်းရာ သုဂတိဘဝသို့ ရောက်ရပြီး
သံသရာနှစ်ဖြာလုံး ကောင်းကျိုးချမ်းသာကို ခံစားရ၏။

သမ္မာသမ္ဗုဒ္ဓဘုရားရှင် , ပစ္ဆေကဗုဒ္ဓါများနှင့် အရိယာပုဂ္ဂိုလ်
မှန်သမျှတို့သည် စိတ်ကို မိမိလိုရာခိုင်းနိုင်သော
စိတ်၏ သခင်များ ဖြစ်၏။

" မေတ္တာရှင် ရွှေပြည်သာ "

.
Credit -
ဓမ္မ နှစ်သက်သူ
https://www.facebook.com/donation.of.dhamma/

No comments:

Post a Comment